Monday, August 4, 2014

Avast ဆိုတာက နာမည်ကြီးတဲ့ Antivirus တစ်ခုပါ။ အခုခေတ်က မိုဘိုင်းခေတ်ဆိုတော့ ဖုန်းတွေမှာ
လည်းအသုံးပြုနိုင်အောင် Avast Mobile Security & Antivirus Premium ဆိုပြီး အသစ်ထွက်ရှိလာပါပြီ။ Antivirus ဆိုတာမျိုးက PC မှာသာမက Phone များမှာပါရှိထားသင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်စမ်းပြီး ကလိကြည့်တာ အတော်လေးကိုသဘောကျလို့ အခြားသောသူငယ်ချင်းများလည်း အသုံးပြုနိုင်အောင်တင်
ပေးလိုက်တာပါ။ Android ဖုန်းတစ်လုံးအတွက် Security ပိုင်းကိုလုံခြုံစိတ်ချအောင် ကာကွယ်ပေးနိုင်ပြီး အခြား အသုံးဝင်တဲ့ Feature တွေအများကြီးပါဝင်ပါတယ်။ virus scanner, virus removal, protector, 
network meter, app manager, app lock, Backup/Restore , စတဲ့ Feature ပေါင်းများစွာပါဝင်
ပါတယ်။ Avast ကိုအသုံးပြုဖို့ Root Access မရှိလည်းရပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်းများမှာ
အသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။





ကျွန်တော်တင်သမျှပိုစ့်တွေနဲ့သီချင်းတွေကို Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ 
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


www.pyaephyo.com

0 comments:

Post a Comment